ဉာဏ်ကောင်းစေဖို့ ကလေးလေးတွေကို ဘာကျွေးရမလဲ?
ကလေးလေးက ဉာဏ်ကောင်းလိုက်တာဆိုရင် ပြုံးမပြီး ပျော်မပြီးနဲ့ ပီတိအဖြစ်ဆုံးသူတွေက မေမေတွေပါ။ ကလေးလေးတွေ ဉာဏ်ကောင်းဖို့က အပြုအမူပိုင်း ဂရုစိုက်ပေးတာ၊ အကောင်းဆုံး ပျိုးထောင်ပေးတာတွေအပြင် အရေးကြီးတဲပ နောက်ထပ် အချက် တစ်ခု ရှိပါသေးတယ်။ ဒါကတော့ ကလေးကို ကောင်းမွန်ပြည့်ဝတဲ့ အာဟာရ ဖြည့်တင်းပေးတာပါ။
အာဟာရ ပြည့်ဝမှုက ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖွံ့ဖြိုးစေဖို့ရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ဉာဏ်ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဒီတော့ မေမေတွေရဲ့ ဆုတောင်တစ်ခု ဖြစ်တဲ့ ကလေးလေးတွေ ဉာဏ်ကောင်းစေဖို့ ဘာတွေ ကျွေးရမလဲ? ဆိုတာကို ပြောပြပေးမှာမို့ ဆောင်းပါးလေးကို လိုက်ပါ ဖတ်ကြည့်လိုက်ပါဦးနော်။
ဉာဏ်ကောင်းစေဖို့ ကလေးလေးတွေကို ဘာကျွေးရမလဲ?
ဉာဏ်ကောင်းစေဖို့ ကလေးလေးတွေရဲ့ နေ့စဉ် စားသုံးမှုမှာ အခုပြောပြတဲ့ အစားအစာတွေထဲက ၂ မျိုးကနေ ၄ မျိုးလောက်အထိ ပါဝင်အောင် ပြင်ဆင် ကျွေးမွေးသင့်ပါတယ်။
နို့ နဲ့ နို့ထွက်ပစ္စည်း
ကလေးလေးတိုင်း ကြိုက်နှစ်သက်တဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ အားဖြည့်ပေးမယ့် ပရိုတင်း၊ ဗီတာမင် B လိုမျိုး အာဟာရတွေ ပါဝင်နေပါတယ်။ ကလေးတွေကို တစ်နေ့ကို နို့တစ်ခွက်လောက်၊ ဒါမှမဟုတ် ဒိန်ချဉ်တစ်ခွက်လောက် တိုက်တာက နည်းလမ်းကောင်းပါ။
ဥအမျိုးမျိုး
ကြက်ဥ၊ ငုံးဥတွေက ကလေးတိုင်း မငြင်းတမ်း စားလေ့ရှိတဲ့ အစားအစာတွေပါ။ ဒီလို ကလေးတွေကြိုက်တဲ့ ဥအမျိုးမျိုးမှာလည်း ပရိုတင်း နဲ့ ကိုလင်းတို့အပါအဝင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အားဖြည့်ပေးမယ့် အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။
ပန်းသီး
ပန်းသီးက ကလေးတိုင်းနဲ့ ရင်းနှီးပြီးသား အသီးတစ်မျိုးပါ။ ပန်းသီးမှာ အနီရောင်၊ အစိမ်းရောင်ဆိုပြီး အရောင်တွေ မတူကြပေမယ့် ကလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ကောင်းစေဖို့ ထောက်ကူပေးတာတော့ အတူတူပါ။ ပန်းသီးက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးပါတယ်။
အခွံမာသီး
သစ်ကြားသီး၊ မက်ကာဒေးမီးယားသီး၊ မြေပဲစတာတွေက ကလေးတိုင်းလိုလို ခံတွင်းတွေ့တဲ့ အခွံမာသီးတွေပါ။ ဒီအခွံမာသီးတွေက စိတ်ခံစားမှုကောင်စေပြီး အာရုံကြောစနစ်ကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်တဲ့ ပရိုတင်း၊ အိုမီဂါသရီး၊ ဗီတာမင်တွေ နဲ့ သတ္တုဓာတ်တွေပါဝင်နေပါတယ်။ ဒါကြောင့် ကလေးလေးတွေကို ဉာဏ်ကောင်းစေဖို့ဆိုရင် အခွံမာသီး ကျွေးပေးဖို့ကလည်း မေ့ထားလို့ မရပါဘူး။
ဘယ်ရီသီး
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ စတာတွေက ကလေးလေးတွေ နှစ်ခြိုက်တဲ့ သစ်သီးတွေပါ။ ဒီလိုမျိုး ကလေးတွေ ကြိုက်တဲ့ ဘယ်ရီသီးလေးတွေမှာ ဦးနှောက် နဲ့ မှတ်ဉာဏ် ကောင်းစေနိုင်တဲ့ polyphenols ပါဝင်နေပါတယ်။ ဒါကြောင့် ကလေးလေးတွေကို ဉာဏ်ကောင်းစေချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက ဘယ်ရီသီးလေးတွေ ပြင်ဆင်ပေးပါ။
ငါး
ငါးဆိုတဲ့နေရာမှာ ရေချိုငါးတွေ အပြင် အိုမီဂါသရီး ကြွယ်ဝတဲ့ ငါတွေကလည်း ဦးနှောက် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ငါးမှာ မှတ်မိနိုင်စွမ်းတိုးစေနိုင်တဲ့ ဗီတာမင် D နဲ့ အိုမီဂါသရီး ပါဝင်နေပါတယ်။ ဒါကြောင့် ဉာဏ်ကောင်းစေဖို့ ကလေးကို ငါးကျွေးပေးပါ။
ငါးမှာ ဗီတာမင် D နဲ့ omega-3 fatty acid တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဦးနှောက်ကို ကျန်းမာစေနိုင်ပြီး မှတ်မိနိုင်စွမ်း ကောင်းစေပါတယ်။ ဒါကြောင့် ဘေဘီလေးကို ဆယ်လ်မွန်၊ တူနာ၊ ဆာဒင်းတို့ ကျွေးပေးလို့ရပါတယ်။
ပဲအမျိုးမျိုး
ပဲတွေမှာ ဦးနှောက်နဲ့ဉာဏ်ရည်ကို ဖွံ့ဖြိုးစေနိုင်တဲ့ ပရိုတင်း၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အိုမီဂါသရီး ပါဝင်နေပါတယ်။ အိုမီဂါ သရီးက ဦးနှောက်နဲ့ ဉာဏ်ရည်တိုးတက်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
ပဲအမျိုးမျိုးမှာ ပရိုတင်း၊ ကစီဓာတ် နဲ့ အမျှင်ဓာတ် အပြင် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် ပဲအမျိုးမျိုးမှာ ဦးနှောက် ဖွံ့ဖြိုးစေဖို့နဲ့ ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ omega-3 လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။
ရေးသားသူ - မွန်မွန်